"Towards a country where people live and are treated with dignity, enjoy a shared prosperity, and where cooperation exists."

cover image

Another Development “ 5 Years Anniversary

Another Development “ 5 Years Anniversary

ယနေ့သည် အေဒီအသင်း (Another Development) ၏ ၅ နှစ်ပြည့် နှစ်ပတ်လည်နေ့ဖြစ်ပါသည်။ အေဒီအသင်းကို ဇန်နဝါရီလ ၂၇ ရက်နေ့ ၊ ၂၀၁၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ ကျွန်ုပ်တို့နှင့် အတူ တကွ လက်တွဲပူးပေါင်းဆောင်ရွက်ကြသည့် အစိုးရ ဌာနများ၊ အရပ်ဖက်အဖွဲ့အစည်းများ ၊ အလှူရှင် အဖွဲ့အစည်းများ နှင့် လုပ်ဖော်ကိုင်ဖက်များအားလုံးကို အထူးပင်ကျေးဇူးတင်ရှိကြောင်း ဖော်ပြအပ်ပါသည်။

AD အဖွဲ့အစည်း၏ ဆောင်ပုဒ်မှာ “ကုံလုံပြည့်စုံ၊ စုပေါင်းညီညာ၊ လူ့ဂုဏ်ကြွယ်ရာ” ဟူ၍ ဖြစ်သည်။ AD အနေဖြင့် လူ့အခွင့်အရေး၊ ဗဟုယဉ်ကျေးမှုကို အသိအမှတ်ပြုခြင်း၊ ဗဟိုချုပ်ကိုင်မှုလျော့ချခြင်းနှင့် ဖက်ဒရယ်ဝါဒ၊ ကျေးလက်စီးပွားရေးဖွံ့ဖြိုးမှုနှင့် လူမှုအကျိုးပြုစီးပွားရေးလုပ်ငန်း၊ လျှပ်မြန်အစိုးရနှင့် ပြည်သူဟူသည့် အဓိကကဏ္ဍ (၅) ခုကိုအလေးထားလုပ်ဆောင်လျက်ရှိသည်။