"Towards a country where people live and are treated with dignity, enjoy a shared prosperity, and where cooperation exists."

AD အဖွဲ့အစည်း

AD အဖွဲ့သားများ

ကယ်ရယ်မို့မို့အေး

အမှုဆောင်ဒါရိုက်တာ

ကယ်ရယ်မို့မို့အေးသည် အေဒီအသင်း ၏ အမှုဆောင်ဒါရိုက်တာ (ဝါ) သုတေသနနှင့် စည်းရုံးလှုံ့ဆောင်မှု ဒါရိုက်တာဖြစ် ပြီး အေဒီအသင်းကို စတင်တည်ထောင်သည့်အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။ ကယ်ရယ်သည် အဖွဲ့အစည်း၏ စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှုကို တာဝန်ယူထားပြီး အဖွဲ့အစည်း၏ ပရိုဂရမ်နှင့် ဝန်ဆောင်မှုများ နှင့်ပတ်သက်သော အစီအစဉ်များကို ရေးဆွဲခြင်း၊ စီမံခန့်ခွဲခြင်း၊ အကောင်အထည်ဖော်ခြင်းနှင့် ပြန်လည် သုံးသပ်ခြင်းများကို လုပ်ဆောင်ရသည်။ အေဒီ သို့ မရောက်ရှိမီတွင် ကယ်ရယ်သည် ကရင်ဖွံ့ဖြိုးရေးကွန်ယက် (KDN) တွင် စောင့်ကြည့်လေ့လာခြင်း၊ ပြန်လည်သုံးသပ်ခြင်းနှင့် အစီရင်ခံမှု အရာရှိအဖြစ် တာဝန်ယူ လုပ်ကိုင် ခဲ့သည်။ ထို့အတူ Biodiversity and Nature Conservation Association (BANCA) တွင် ပရိုဂရမ်မန်နေဂျာ အဖြစ်သော်လည်းကောင်း၊ Sustainable Development Knowledge Network (Spectrum) တွင် ပရိုဂရမ် အရာရှိအဖြစ်သော်လည်းကောင်း တာဝန်ယူခဲ့သည်။ ကယ်ရယ်သည် ရန်ကုန်တက္ကသိုလ်မှ ဥပဒေဘွဲ့နှင့် Asian Institute of Technology မှ မြို့ပြပတ်ဝန်းကျင်စီမံခန့်ခွဲမှုဘာသာရပ် (Urban Environmental Management) မဟာသိပ္ပံဘွဲ့ကို ရရှိထားသည်။

နော်ဆဲဖောထူး

ရုံးမန်နေဂျာ

နော်ဆဲဖောထူးသည် အေဒီအသင်း၏ ရုံးမန်နေဂျာဖြစ်သည်။ စီမံအုပ်ချုပ်မှု၊ ဘဏ္ဍာရေး၊ လူ့အရင်းအမြစ်စီမံခန့် ခွဲမှုနှင့် ရုံးပိုင်းဆိုင်ရာထောက်ပံ့ဝယ်ယူရေးစီမံခန့်ခွဲမှု အစရှိသည့် လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်လျက်ရှိ သည်။ ယခင်တွင် ရန်ကုန်ရုပ်ရှင်ကျောင်းတွင် (YFS) တွင် စီမံဘဏ္ဍာအရာရှိအဖြစ် တာဝန်ယူလုပ်ကိုင်ခဲ့သည်။ ထို့အပြင် ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) နှင့် Spectrum (SDKN) တို့တွင်လည်း အလားတူ စီမံဘဏ္ဍာနှင့် ပတ်သက်၍ တာဝန်ယူခဲ့ဖူးသည်။ ဆဲဖောထူးသည် မြန်မာနိုင်ငံဓမ္မတက္ကသိုလ်မှ လူမှုလေ့လာရေး ဘာသာရပ် ဝိဇ္ဇာဘွဲ့ကို ရရှိထားသည်။

ရေချမ်း

သုတေသနအရာရှိ

ရေချမ်းသည် အေဒီအသင်း၏ သုတေသနအရာရှိတစ်ဦးဖြစ်ပြီး မြို့ပြစီမံခန့်ခွဲမှုနှင့်ပတ်သက်သည့် သုတေသန စီမံကိန်းများကို လုပ်ဆောင်လျက်ရှိသည်။ သူ၏ လတ်တလောသုတေသနစီမံကိန်းများမှာ မြို့ပြစိမ်းလန်း ဧရိယာနှင့် ရေပေးဝေမှုစနစ်အပေါ် အထူးပြုထားသည်။ သူသည် အေဒီ၏ တာဝန်သိခရီးသွား လုပ်ငန်းစီမံကိန်း များတွင်လည်း ပါဝင်ခဲ့သည်။ အေဒီ ကို ၂၀၁၆ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ပြီး ယင်းမတိုင်မီတွင် Forest Research Institute (FRI) နှင့် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်တွင် လုပ်အားပေးသုတေသီ အဖြစ်လုပ်ကိုင်ခဲ့သည်။ ရေချမ်းသည် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ သိပ္ပံသစ်တောဘွဲ့ကိုရရှိ ခဲ့ပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် သုတေသနဘာသာရပ်နှင့် Myanmar Institute of Gender Studies (MIGS) တွင် ဖွံ့ဖြိုးရေးဘာသာရပ်တို့ကို လေ့လာခဲ့သည်။ သူသည် ဒေသန္တရနှင့် မြို့ပြစီမံခန့်ခွဲမှုနှင့် သဘာ၀ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုတို့ကို အထူးစိတ်ဝင်စားပြီး ကိန်းဂဏန်းအချက်အလက်လေ့လာဆန်းစစ်ခြင်းကို စိတ်ပါ ဝင်စားသူဖြစ်သည်။

စောကပလူစိုး

တွဲဖက်သုတေသီ

စောကပလူစိုးသည် အေဒီအသင်းတွင် တွဲဖက်သုတေသီအနေဖြင့် တာဝန်ထမ်းဆောင်လျက်ရှိသည်။ သူသည် အေဒီ၏ သုတေသနနှင့် စည်းရုံးလှုံ့ဆော်မှုဌာန၊ သုတေသနအဖွဲ့တွင် ပါဝင်လုပ်ကိုင်နေသည်။ ကရင်နှင့် တနင်္သာရီတိုင်းဒေသကြီးတွင် လုပ်ဆောင်နေသော ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းနှင့် ဒေသန္တရအုပ်ချုပ်ရေးစီမံ ကိန်း၊ ပြည်သူ့ဆက်ဆံရေးနှင့် ပူးပေါင်းပါဝင်မှုသုတေသနလုပ်ငန်းတွင် ပါဝင်လုပ်ဆောင်လျက်ရှိသည်။ ထို့အပြင် ရန်ကုန်မြို့ရှိ ရေပေးဝေရေးနှင့် စိမ်းလန်းဧရိယာနှင့်ပတ်သက်သော သုတေသနလုပ်ငန်းများတွင် လည်း ပါဝင်ကူညီလျက်ရှိသည်။ သူသည် အေဒီကို ၂၀၁၈ မတ်လတွင် စတင်ဝင် ရောက်ခဲ့သည်။ မြန်မာနိုင်ငံဓမ္မတက္ကသိုလ်မှ လူမှုလေ့လာရေးဝိဇ္ဇာဘွဲ့ကို ရရှိထားသည်။

နန်းခိုင်ချိုချိုသင်း

တွဲဖက်သုတေသီ

နန်းခိုင်ချိုချိုသင်းသည် အေဒီအသင်းတွင် တွဲဖက်သုတေသီ အနေဖြင့် တာဝန်ထမ်းဆောင်လျှက်ရှိ သည်။ သူမသည်လက်ရှိတွင် ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးရှိ ဗဟိုချုပ်ကိုင်မှု လျော့ချရေးနှင့် ဒေသန္တရအုပ်ချုပ်ရေးဆိုင်ရာမူဝါဒများ ၊ ပြည်သူ့ဆက်ဆံရေးဆိုင်ရာမူဝါဒ ပံ့ပိုးမှုများတွင် ပါဝင်လုပ်ဆောင်လျက်ရှိသည်။ ယခင်က မြန်မာ့အလင်းသုတေသနဖေါင်ဒေးရှင်း (EMReF) အဖွဲ့အစည်း တွင် လက်ထောက်သုတေသီအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် (ADRA)  Myanmar/ Japan (MofA) ပညာရေးပရောဂျက်တွင်လည်း ကွင်းဆင်းလက်ထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ သူမသည် ဘားအံမြို့တွင်ရှိသော လူမှုအခြေပြု ပညာရေးစုစည်းရာအဖွဲ့ (EGG) သင်တန်းကျောင်း၏ ကျောင်းသူဟောင်းတစ်ဦးဖြစ်ပြီး သင်္ချာအထူးပြု သိပ္ပံဘာသာရပ်ဘွဲ့ဖြင့် ဘားအံအဝေးသင်တက္ကသိုလ် တွင် ပညာသင်ယူခဲ့ပါသည်။

ဝေလျှံပိုင်

တွဲဖက်စီမံကိန်းအရာရှိ

ဝေလျှံပိုင်သည် လက်ရှိတွင် အေဒီအသင်း၏ တွဲဖက်စီမံကိန်းအရာရှိ/Innovation Catalyst အဖြစ် တာဝန် ထမ်းဆောင်လျက်ရှိပါသည်။ သူသည် ပုသိမ်တက္ကသိုလ်မှ အင်္ဂလိပ်စာအထူးပြုဖြင့် ဝိဇ္ဇာဘွဲ့ကို ရရှိခဲ့ပြီး ငြိမ်းချမ်း ရေးနှင့်လုံခြုံရေးသိပ္ပံမှ ငြိမ်းချမ်းရေးနှင့်လုံခြုံရေးဆိုင်ရာ ဒီပလိုမာဘွဲ့ကို ရရှိခဲ့သည်။ ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ) နှင့် အချို့သော ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အဖွဲ့များ အတွက်လည်း တာဝန်ထမ်းဆောင်ခဲ့ သူဖြစ်သည်။ ဂေါ်ရန်ဂျီကျွန်းဒေသရှိ လူထုအခြေပြုခရီးသွားလုပ်ငန်း ဖော်ဆောင်မှု၊ ရန်ကုန်မြို့တော် အတွင်း ရေပေးဝေမှုစနစ်နှင့် ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးရှိ ဒေသန္တရအုပ်ချုပ်ရေး ကဲ့သို့သော အေဒီ အသင်း၏ သုတေသနနှင့် အတိုင်ပင်ခံခြင်းဖြစ်စဉ်များတွင် ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်သည်။

ဆိုင်းဆန်မိုင်

တွဲဖက်စီမံကိန်းအရာရှိ

ဆိုင်းဆန်မိုင်သည် အေဒီအသင်း၏ တွဲဖက်စီမံကိန်းအရာရှိဖြစ်သည်။ သူသည် မြန်မာနိုင်ငံ ဓမ္မတက္ကသိုလ် ( MIT) တွင်လူမှုဖွံ့ဖြိုးရေး ဒီပလိုမာကိုလေ့လာဆည်းပူးခဲ့သည်။ ယခင်က  Yuma IDPs Camp တွင် စေတနာ့ဝန်ထမ်းအနေဖြင့်လုပ်ဆောင်ခဲ့ပြီး Actionaid Myanmar နှင့်ဖန်တီးအိမ်အဖွဲ့အစည်းတို့တွင်လည်း ပရိုဂရမ်ပိုင်းတွင် ပါဝင်လုပ်ဆောင်ခဲ့သည်။ သူသည် ယခုလက်ရှိတွင် အေဒီ၏ စီမံကိန်းများမှ လုပ်ငန်းစဉ်များလည်ပတ်ရန်အတွက် ပြင်ဆင်ခြင်းနှင့် စီမံခန့်ခွဲခြင်းတို့ဖြင့် ပံ့ပိုးဆောင်ရွက်လျက်ရှိပါသည်။

စောလှနွယ်

အလုပ်သင်

စောလှနွယ်သည် အေဒီအသင်းတွင် အလုပ်သင်အနေဖြင့်လုပ်ကိုင်လျက်ရှိပြီး ရုံးမန်နေဂျာနှင့်နီးကပ်စွာ လုပ်ကိုင်လျက်ရှိသည်။ ရုံးပိုင်းဆိုင်ရာ စီမံမှုနှင့် ဘဏ္ဍာရေးနှင့်ပတ်သက်၍ ပါဝင်ကူညီလျက်ရှိသည်။ ဒေသန္တရအုပ်ချုပ်ရေးနှင့် မြို့ပြစီမံမှုဆိုင်ရာ လုပ်ငန်းများတွင်လည်း သုတေသနအဖွဲ့နှင့် စီမံကိန်းအဖွ့ဲတို့ကို ပါဝင် ကူညီလျက်ရှိသည်။ စောလှနွယ်သည် မြန်မာနိုင်ငံဓမ္မတက္ကသိုလ်၊ လူမှုလေ့လာရေးဘာသာရပ် နောက်ဆုံးနှစ် တွင် ပညာသင်ယူလျက်ရှိသည်။

ထက်ဝေဝေခိုင်

အလုပ်သင်

ထက်ဝေဝေခိုင်သည် အေဒီအသင်း၏ သုတေသနအလုပ်သင်ဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလတွင် စတင်ဝင်ရောက်လာပြီး အထူးသဖြင့် သုတေသနလုပ်ငန်းဆောင်တာများဖြစ်သော သုတေသနအကောင် အထည်ဖော်ဆောင်သည့်လုပ်ငန်းများ၊ အချက်အလက်များဆန်းစစ်လေ့လာခြင်း၊ အစီရင်ခံစာပြင်ဆင်ခြင်းနှင့်ပါဝင်ပတ်သက်သူများနှင့် တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ပေးခြင်း စသည့်အလုပ်များကို အဆင်ပြေချောမွေ့အောင်ကူညီထောက်ပံ့ပေးနေပါသည်။ ပရဟိတအသင်းအဖွဲ့နှစ်ခုတွင် စေတနာ့လုပ်အားပေးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီးကမ်ပိန်းစီမံကိန်းတစ်ခုတွင်လည်း စေတနာ့လုပ်အားပေးအဖြစ် ပါဝင်ခဲ့သည်။ ထို့အပြင် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ နှင့် ၂၀၁၉ ရန်ကုန်စည်ပင်သာယာရွေးကောက်ပွဲ စသည့်ရွေးကောက်ပွဲများတွင် လေ့လာစောင့်ကြည့်သူအဖြစ် ပါဝင်ခဲ့သည်။ ဒဂုံတက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေးပညာဘွဲ့ ရရှိထားပြီး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်တွင် ပန်းချီဒီပလိုမာသင်တန်းကို တက်ရောက်ဆည်းပူးခဲ့သည်။