"Towards a country where people live and are treated with dignity, enjoy a shared prosperity, and where cooperation exists."

AD တည်ထောင်သူနှင့်အဖွဲ့ဝင်များ

AD ဘုတ်အဖွဲ့ဝင်များ

နော်လှလှစိုး

ဘုတ်အဖွဲ့ဝင်

နော်လှလှစိုးသည် လက်ရှိတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။ ယခင်တွင် အဖွဲ့အစည်းအသီးသီးတွင် လုပ်ကိုင်ခဲ့ပြီး မြန်မာနိုင်ငံ၏ အရပ်ဘက်လူမှုအဖွဲ့အစည်းများအားကောင်း လာစေရေးအတွက် ကြိုးစားခဲ့သူဖြစ်သည်။ ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (KWAG) ကိုလည်း ပူးတွဲတည်ထောင်ခဲ့ပြီး တရားမျှတမှုရရှိရေးနှင့်ပတ်သက်၍လည်း ဆောင်ရွက်ခဲ့ပြီး လူမှုပြဿနာများ အထူးသဖြင့် တရုတ်ပြည်သို့ အဓ္ဓမလူကုန်ကူးခံရ သည့် မြန်မာအမျိုးသမီးအရေးနှင့် ပတ်သက်၍ ဆောင်ရွက်ခဲ့သည်။ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်တို့တွင် အမျိုးသမီးများဘ၀ စွမ်းရည်မြင့်မားရေး သင်တန်းများ၊ ရပ်ရွာစီးပွားဖွံ့ဖြိုးရေးအတွက် အသေးစား ငွေစုငွေချေး အစီအစဉ်များ၊ ကျန်းမာရေးနှင့် ပညာရေးမြှင့်တင်မှု အစီအစဉ်များကို အောင်မြင်စွာ ဦးဆောင်နိုင်ခဲ့သည်။ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု အပြည်ပြည်ဆိုင်ရာဆု (၂၀၁၂ ခုနှစ်)၊ အမျိုးသမီးနှင့် ငြိမ်းချမ်းရေး ဆု - အမျိုးသမီးများကွန်ရက် (၂၀၁၃ ခုနှစ်)နှင့် Woman of the Year ( ၂၀၁၂-၂၀၁၃ ခုနှစ် -MyanmarTimes, Hotnews) အစရှိသည့် ဆုများကို ချီးမြှင့်ခံခဲ့ရသည်။

အောင်မျိုးမင်း

ဘုတ်အဖွဲ့ဝင်

ဦးအောင်မျိုးမင်းသည် ညီမျှခြင်းမြန်မာ (Equality Myanmar) ၏ အမှုဆောင်ဒါရိုက်တာဖြစ်သည်။ သူသည် အဖွဲ့အစည်းအသီးသီးဖြစ်သော Human Rights Documentation Unit (HRDU), National Coalition Government of the Union of Burma (NCGUB), မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) နှင့် Human Rights Watch အစရှိသည့်အဖွဲ့များတွင် တာဝန်ယူလုပ်ကိုင်ခဲ့ဖူးသူဖြစ်သည်။ လက်ရှိတွင်လည်း အဖွဲ့အစည်းအချို့တွင် ဘုတ်အဖွဲ့ဝင်အဖြစ်သော်လည်းကောင်း၊ အကြံပေးအဖြစ်သော်လည်း ကောင်း ပါဝင်ကူညီပံ့ပိုးလျက်ရှိသည်။ ဦးအောင်မျိုးမင်းသည် နိုင်ငံတကာမှပေးအပ်သော ဆုအများအပြားကို လက်ခံရရှိခဲ့ပြီး ၎င်းထဲတွင် Courage Award, Malaysia၊ Outstanding Human Rights Award, Buffalo University၊ Recognition of Excellent LGBT Award, San Francisco နှင့် Fillipa De Souza Ward, ILGA ဆုများပါဝင်သည်။

ရဲနိုင်မိုး

ဘုတ်အဖွဲ့ဝင်

ဦးရဲနိုင်မိုးသည် ရန်ကုန်သတင်းစာပညာကျောင်း၏ စတင်တည်ထောင်သူဖြစ်သည်။ သူသည် ၂၀၀၃ ခုနှစ်မှစတင်၍ ပြည်တွင်းသတင်းထောက်များကို သတင်းစာပညာသင်ကြားပေးခဲ့သည်။ သတင်းစာပညာသင်ဆရာမဖြစ်မီတွင် လစဉ်ထုတ်မဂ္ဂဇင်းများတွင် အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ ကယ်လီဖိုးနီးယားတက္ကသိုလ်၊ Berkeley Graduate School of Journalism တွင် ဧည့်သည်ပညာတော်သင်အဖြစ် သတင်းစာပညာကို လေ့လာဆည်းပူးခဲ့သည်။ သူသည်လန်ဒန်တက္ကသိုလ်တွင် ငြိမ်းချမ်းရေးသတင်းစာပညာနှင့် အော့စ်ဖို့ဒ်တက္ကသိုလ် Jesus College တွင် မီဒီယာဥပဒေနှင့် မူဝါဒ ဘာသာရပ်ကို လေ့လာဆည်းပူးခဲ့သည်။ ဦးရဲနိုင်မိုးသည် 7Day နေ့စဉ်သတင်းစာတွင် ဆောင်းပါးများကို ပုံမှန်ရေးသားလျက်ရှိပြီး Satori Creative Works ရုပ်ရှင်ထုတ်လုပ်ရေးကုပ္မဏီတွင်လည်း ဇာတ်ညွှန်းများကို ရေးသားပေးလျက်ရှိသည်။

AD စတင်တည်ထောင်သူများ

ကယ်ရယ်မို့မို့အေး

တည်ထောင်သူနှင့် အမှုဆောင်ဒါရိုက်တာ

ကယ်ရယ်မို့မို့အေးသည် အေဒီအသင်း ၏ အမှုဆောင်ဒါရိုက်တာ (ဝါ) သုတေသနနှင့် စည်းရုံးလှုံ့ဆောင်မှု ဒါရိုက်တာဖြစ် ပြီး အေဒီအသင်းကို စတင်တည်ထောင်သည့်အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။ ကယ်ရယ်သည် အဖွဲ့အစည်း၏ စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှုကို တာဝန်ယူထားပြီး အဖွဲ့အစည်း၏ ပရိုဂရမ်နှင့် ဝန်ဆောင်မှုများ နှင့်ပတ်သက်သော အစီအစဉ်များကို ရေးဆွဲခြင်း၊ စီမံခန့်ခွဲခြင်း၊ အကောင်အထည်ဖော်ခြင်းနှင့် ပြန်လည် သုံးသပ်ခြင်းများကို လုပ်ဆောင်ရသည်။ အေဒီ သို့ မရောက်ရှိမီတွင် ကယ်ရယ်သည် ကရင်ဖွံ့ဖြိုးရေးကွန်ယက် (KDN) တွင် စောင့်ကြည့်လေ့လာခြင်း၊ ပြန်လည်သုံးသပ်ခြင်းနှင့် အစီရင်ခံမှု အရာရှိအဖြစ် တာဝန်ယူ လုပ်ကိုင် ခဲ့သည်။ ထို့အတူ Biodiversity and Nature Conservation Association (BANCA) တွင် ပရိုဂရမ်မန်နေဂျာ အဖြစ်သော်လည်းကောင်း၊ Sustainable Development Knowledge Network (Spectrum) တွင် ပရိုဂရမ် အရာရှိအဖြစ်သော်လည်းကောင်း တာဝန်ယူခဲ့သည်။ ကယ်ရယ်သည် ရန်ကုန်တက္ကသိုလ်မှ ဥပဒေဘွဲ့နှင့် Asian Institute of Technology မှ မြို့ပြပတ်ဝန်းကျင်စီမံခန့်ခွဲမှုဘာသာရပ် (Urban Environmental Management) မဟာသိပ္ပံဘွဲ့ကို ရရှိထားသည်။

မော်ထွန်းအောင်

တည်ထောင်သူနှင့် မဟာဗျူဟာအကြံပေး

မော်ထွန်းအောင်သည် အေဒီအသင်း ၏ မဟာဗျူဟာအကြံပေးနှင့် စတင်တည်ထောင်သည့် အဖွဲ့ဝင် တစ်ဦးဖြစ်သည်။ သူသည် Natural Resource Governance Institute (NRGI) တွင် မြန်မာဌာနေမန်နေဂျာ အဖြစ် တာဝန်ယူလျက်ရှိပြီး သယံဇာတထုတ်ဖော်သည့်လုပ်ငန်းများ ပိုမိုတာဝန်ခံမှုရှိပြီး ထိရောက်သည့် အုပ်ချုပ်ရေးစနစ်ကို မြှင့်တင်ရန်အတွက် အစိုးရဝန်ကြီးဌာနများ၊ လူမှုအဖွဲ့အစည်း၊ မီဒီယာ၊ ဥပဒေပြုကိုယ်စား လှယ်များ၊ စီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိသည်။ မော်ထွန်းအောင်သည် ဟောင်ကောင်နိုင်ငံ Hong Kong Polytechnic University မှ မဟာဝိဇ္ဇာဘွဲ့ (MA - Social Policy and Social Development) နှင့် အမေရိကန်နိုင်ငံ Cornell University မှ ပြည်သူ့စီမံခန့်ခွဲရေး မဟာဘွဲ့ကို ရရှိထားသည်။

မိုင်လှအေး

တည်ထောင်သူ

မိုင်လှအေးသည် အေဒီအသင်း ၏ ယခင်အမှုဆောင်ဒါရိုက်တာ (ဝါ) မဟာဗျူဟာဆက်သွယ်ရေး ဒါရိုက်တာ ဖြစ်ပြီး အေဒီကို စတင်တည်ထောင်သည့်အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။ မိုင်လှအေးသည် Environmental Investigation Agency and EcoDev တွင် ပရိုဂရမ်မန်နေဂျာအဖြစ်လည်း တာဝန်ယူခဲ့ပြီး စီမံကိန်း စီမံခန့်ခွဲမှု ကွင်းဆက်၊ စာချုပ်စာတမ်းဆိုင်ရာ စီမံခန့်ခွဲမှုနှင့် တာဝန်ခံမှု၊ ညှိနှိုင်းဆောင်ရွက်မှု အစရှိသည့် ကဏ္ဍများတွင် တာဝန်ယူခဲ့ရသည်။ မိုင်လှအေးသည် မြန်မာနိုင်ငံဓမ္မတက္ကသိုလ်မှ Social Studies ဘွဲ့ကိုရရှိခဲ့ပြီး ဟန်ဂေရီနိုင်ငံ Central European University မှ ပြည်သူ့စီမံခန့်ခွဲမှုမဟာဝိဇ္ဇာဘွဲ့ကို ရရှိထားသည်။

တာရာမောင်

တည်ထောင်သူ

တာရာမောင်သည် အေဒီအသင်း၏ ယခင် လုပ်ငန်းလည်ပတ်မှုဒါရိုက်တာဖြစ်ပြီး အေဒီအသင်းကို စတင်တည်ထောင်သည့် အဖွဲ့ဝင်လည်းဖြစ်သည်။ တာရာမောင်သည် အဖွဲ့အစည်းတော်တော်များများတွင် လုပ်ကိုင်ခဲ့ပြီး American Jewish World Service တွင် မြန်မာနိုင်ငံဌာနေအကြံပေးအဖြစ်သော်လည်းကောင်း၊ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဖက်မဟာမိတ်အဖွဲ့ (MATA) တွင် မြန်မာနိုင်ငံ ညှိနှိုင်းရေးမှူးအဖြစ်သော်လည်း ကောင်း၊ ပေါင်းကူးအဖွဲ့အစည်းတွင် စီနီယာပရိုဂရမ်ညှိနှိုင်းရေးမှူး အဖြစ်သော်လည်းကောင်း လုပ်ကိုင်ခဲ့ဖူးသည်။ တာရာမောင်သည် ဖိလစ်ပိုင်နိုင်ငံ University of Asian Institute of Management မှ ဖွဲ့ဖြိုးရေးစီမံခန့်ခွဲမှုမဟာဘွဲ့ကိုရရှိထားပြီး  သြစတြေးလျအမျိုးသား တက္ကသိုလ်တွင် Master of Science in Environmental Management and Development သင်တန်းကို တက်ရောက်ဆည်းပူးခဲ့ပါသည်။