"Towards a country where people live and are treated with dignity, enjoy a shared prosperity, and where cooperation exists."

ADအကြောင်း

AD သည် မည်သည့်အဖွဲ့အစည်းဖြစ်သနည်း?

Another Development (AD)သည် နိုင်ငံရေးနှင့်စီးပွါးရေးအစရှိသော ပြဿနာများကိုဖြေရှင်းရာတွင် အကြံဉာဏ်များနှင့် အထောက်အပံ့များပေးနိုင်ရန် ကျွမ်းကျင်သူများဖြင့်ဖွဲ့စည်းထားသည့် ဒေသအခြေပြုအကျိုးအမြတ်မယူသည့် အဖွဲ့အစည်းဖြစ်သည်။ Another Development (AD) ကို ထိရောက်မှုရှိသောပြည်သူ့ရေးရာမူဝါဒများကို ပြောင်းလဲရန် တိုက်တွန်းလှုံ့ဆော် ခြင်းဖြင့် မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်လျက်ရှိသော ပြဿနာများနှင့် ပဋိပက္ခများကိုဖြေရှင်းချက်ထုတ်ရာတွင် အစိတ်အပိုင်းတစ်ခုအနေဖြင့်ပါဝင်နိုင်ရန် ရည်ရွယ်၍စတင်တည်ထောင်ခဲ့ပါသည်။

AD ၏ ဗဟိုဌာန (၃) ခုမှ အကောင်အထည်ဖော်ဆောင်ရွယ်မည့် အဓိကနယ်ပယ်များမှာ -
၁။ မဟာဗျူဟာဆက်သွယ်ရေး
၂။ သုတေသနနှင့် စည်းရုံးလှုံ့ဆော်ရေး
၃။ အကြံဉာဏ်ပေးခြင်းနှင့် လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများ တို့ဖြစ်သည်။

AD အဖွဲ့အစည်း၏ ဆောင်ပုဒ်မှာ “ကုံလုံပြည့်စုံ၊ စုပေါင်းညီညာ၊ လူ့ဂုဏ်ကြွယ်ရာ” ဟူ၍ဖြစ်ပြီးလာမည့် (၅) နှစ်အတွင်းလုပ်ဆောင်ရန်လျာထားသည့်အစီအစဉ်များသည်၎င်းဆောင်ပုဒ်တွင်ပါဝင်သည့်ဦးစားပေးကဏ္ဍများကိုထင်ဟပ်စေမည် ဖြစ်သည်။


AD ၏ နယ်ပယ် ၅ ခု

လက်ရှိတွင် ADအနေဖြင့် လူ့အခွင့်အရေး၊ ဗဟုယဉ်ကျေးမှုများကိုအသိအမှတ်ပြုခြင်း၊ ဗဟိုချုပ်ကိုင်မှုလျော့ချခြင်းနှင့် ဖက်ဒရယ်ဝါဒ၊ ကျေးလက်စီးပွားရေးဖွံ့ဖြိုးမှုနှင့် လူမှုအကျိုးပြုစီးပွားရေးလုပ်ငန်း၊ လျှပ်မြန်အစိုးရနှင့် ပြည်သူဟူသည့် အဓိကကဏ္ဍ (၅) ခုကိုအလေးထားလုပ်ဆောင်လျက် ရှိသည်။

AD ၏ မူဝါဒဆိုင်ရာသုတေသနများကို ချဉ်းကပ်မှုပုံစံသည် ဥဿုံပုံစံ (Holistic) ဖြစ်သည့်အတွက် ကဏ္ဍတစ်ခုကိုသုတေသနပြုလုပ်ရာတွင် အခြားကဏ္ဍတစ်ခုသည် ထိုသုတေသနနှင့် ဆက်စပ်လျက်တွဲဖက်ပါဝင်နေမည် ဖြစ်သည်။ AD ၏ အဓိကပစ်မှတ်ထားသောအဖွဲ့အစည်းများမှာအစိုးရအဖွဲ့အစည်းများ (ဒေသဆိုင်ရာနှင့် နိုင်ငံတော်အဆင့်)၊ သတင်းမီဒီယာ၊ စီးပွါးရေးလုပ်ငန်း၊ ဒေသခံအဖွဲ့အစည်း၊ လူငယ်နှင့် မတူညီသောအဖွဲ့အစည်းများဖြစ်သည်။ AD အနေဖြင့် ၎င်းပစ်မှတ်ထားလုပ်ဆောင်လျက်ရှိသော အုပ်စုတစ်ခုချင်းစီကိုမတူညီသောဆက်သွယ်ရေးနည်းဗျူဟာများဖြင့် ကျွမ်းကျင်စွာလုပ်ဆောင်သွားမည်ဖြစ်သည်။

မျှော်မှန်းချက်

ADသည် မြန်မာနိုင်ငံတွင်နေထိုင်သောပြည်သူများဂုဏ်သိက္ခာရှိစွာဆက်ဆံခံရခြင်း၊ ချမ်းသာကြွယ်ဝမှုများမျှဝေခြင်းကိုခံစားရခြင်း၊ ပူးပေါင်းဆောင်ရွက်မှုများတည်ရှိပြီး ပတ်ဝန်းကျင်နှင့်သဟဇာတရှိကာငြိမ်းချမ်းစွာနေထိုင်ရခြင်းစသည်တို့ကိုမျှော်မှန်းထားသည်။ ပတ်ဝန်းကျင်ဟုဆိုရာတွင် လူမှုပတ်ဝန်းကျင်၊ တည်ဆောက်ထားသောပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်ကို ဆိုလိုခြင်းဖြစ်သည်။

ရည်မှန်းချက်
ADသည် အောက်ပါရည်မှန်းချက်များကိုအောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်ရန် မည်သည့်အုပ်စုနှင့်မဆိုပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။

  • ပြည်သူများ လူ့ဂုဏ်သိက္ခာရှိစွာနေထိုင်ရခြင်း
  • ပြည်သူများ မိမိ၏ယဉ်ကျေးမှုနှင့် အခြားသူများ၏ယဉ်ကျေးမှုများကို လေးစားခြင်းနှင့် တန်ဖိုးထားခြင်း
  • ပြည်သူများ စီးပွားရေးအခွင့်အလမ်းများရရှိခြင်း
  • ပြည်သူများ ဒေသဆိုင်ရာကိစ္စရပ်များနှင့် ပြည်သူ့ရေးရာမူဝါဒများရေးဆွဲရာတွင် ပါဝင်နိုင်ခြင်း


လူထုအခြေပြုခရီးသွားလုပ်ငန်းအတွက် လူထုများအား အားပေးမြှင့်တင်ခြင်းအစီအစဉ်

AD ၏တန်ဖိုးထားမှုများမှာဘာတွေလဲ?

AD သည် အောက်ဖော်ပြပါတန်ဖိုးများကိုသတ်မှတ်ထားရှိပြီးထိုတန်ဖိုးထားမှုများသည် အဖွဲ့အစည်း၏တိုးတက်မှုများကိုအထောက်အကူဖြစ်စေရုံသာမကတရားမျှတပြီးညီတူညီမျှဖြစ်စေသောပိုမိုကောင်းမွန်သည့်မူဝါဒများကို ရေးဆွဲရာတွင်လည်းအထောက်အကူဖြစ်စေမည်ဟုယုံကြည်ထားသည်။

၎င်းတန်ဖိုးများမှာ

  • AD သည်တီထွင်ဆန်းသစ်မှုများနှင့်သမားရိုးကျမဟုတ်သည့်ဆန်းသစ်သောဖြေရှင်းချက်များအားအဆက်မပြတ်လေ့လာသင်ယူမှုအပေါ် အားစိုက်အလေးထားမှုကိုတန်ဖိုးထားသည်။
  • AD သည် လူထုမူဝါဒများပြုလုပ်ရာတွင် နိုင်ငံသားများအနေဖြင့်အဓိကနေရာမှပါဝင်ရမည်ဖြစ်ပြီး ထိုသို့ပါဝင်ခြင်းဖြင့် ၎င်းတို့အတွက်အကျိုးကျေးဇူးရရှိမည်ကို ယုံကြည်ထားသည်။
  • AD သည် အစိုးရအနေဖြင့်နိုင်ငံသားများ၏တိုးတက်မှုဖြစ်စဉ်များတွင်အရေးကြီးဆုံးကဏ္ဍတွင်ပါဝင်ပြီးအစိုးရလုပ်ဆောင်သောမည်သည့်ကိစ္စမျိုးမဆိုနိုင်ငံသားများအပေါ်တာရှည်ခံသောအကျိုးဆက်များကိုပေးနိုင်သည်ဟုယုံကြည်သည်။
  • AD သည် ခေတ်မမီတော့သည့် လူထုမူဝါဒများအားပြည်သူလူထု၏ဘဝဖူလုံရေးကိုအကျိုးပြုမည့်ခေတ်မီဆန်းသစ်သောမူဝါဒများဖြင့် အစားထိုးရန်လိုအပ်သည်ဟုယုံကြည်သည်။
  • AD သည် လူထုမူဝါဒများက ၎င်း၏သဘာဝအရ ရောယှက်ပေါင်းစည်းထားခြင်းဖြစ်သည့်အတွက် AD အနေဖြင့် မတူညီသောဘက်ပေါင်းစုံကိုအလေးထားပြီး ချဉ်းကပ်ရမည်ကို ယုံကြည်သည်။
  • AD အနေဖြင့် လူထုမူဝါဒသည် နိုင်ငံသားများ၏ လူမှုဘဝတိုးတက်ရေးကို မြှင့်တင်ပေးနိုင်သည်ဟု ယုံကြည်သည်။
  • AD သည် ထိရောက်မှုရှိသောလူထုမူဝါဒများတွင် သဘာဝပတ်ဝန်းကျင်ကာကွယ်ခြင်းနှင့် ဂေဟစနစ်အကျိုးပြုအလေ့အကျင့်များပါဝင်သည်ဟု ယုံကြည်သည်။
  • AD သည် ဆင်းရဲသားများနှင့် အဖိနှိပ်ခံလူတန်းစားများအတွက် မူဝါဒရေးရာလှုံ့ဆော်သည့်အဖွဲ့အစည်းအဖြစ်ရပ်တည်ရန်ဆန္ဒရှိသည်။
  • AD သည် ကိုင်တွယ်၍ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ပုံစံအမျိုးမျိုးနှင့်တည်ရှိနေသည့် ရှေးဟောင်းအမွေအနှစများကို လူထုမူဝါဒများရေးဆွဲခြင်းဖြင့် ကာကွယ်ခြင်း၊ ထိန်းသိမ်းခြင်းများပြုလုပ်ရန်ဆန္ဒရှိသည်။
  • AD သည် လူမှုပတ်ဝန်းကျင်အတွင်း ဗဟုယဉ်ကျေးမှုအသိအမှတ်ပြုခြင်းကို မြင့်တင်ပေးနိုင်ရန်အတွက် လူမှုမှတ်တမ်းများနှင့် အမှတ်တရများကိုထားရှိရန်ဆန္ဒရှိသည်။
  • AD သည် ဒေသအခြေပြုပိုင်ဆိုင်မှုနှင့် ဒေသခံအဖွဲ့အစည်းများကို အားပေးအားမြှောက်ပြုခြင်းသည်ဆင်းရဲမှုလျှော့ချရေးအတွက် သော့ချက်များဖြစ်သည်ဟုယုံကြည်သည်။
  • AD သည် မတူညီသော လိင်နှင့် ကျား/မဖြစ်တည်မှု၊ လိင်စိတ်ခံယူမှု၊ ဘာသာရေးနှင့် လူမျိုးရေး ကြားတွင်တူညီသော ဆက်ဆံမှုများရှိရမည်ကိုယုံကြည်ပြီး AD အနေဖြင့် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုအား ၎င်းဝိသေသလက္ခဏာများကိုအခြေခံ၍ ခွဲခြားဆက်ဆံမှုများအား ဘယ်သောအခါမှလုပ်ဆောင်မည်မဟုတ်ပေ။