"Towards a country where people live and are treated with dignity, enjoy a shared prosperity, and where cooperation exists."

cover image

သတင်းအချက်အလက်အမှားနှင့် လုပ်ကြံထားသောသတင်းအချက်အလက်

သတင်းအချက်အလက်အမှားနှင့် လုပ်ကြံထားသောသတင်းအချက်အလက်

သတင်းအချက်အလက်ဆိုသည်မှာ……………

အကျိုးအမြတ်မယူသော အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း ဖြစ်သည့် First Draft ၏ ပူးတွဲတည်ထောင်သူဖြစ်သည့်အပြင် လက်ရှိတွင် ဒါရိုက်တာဖြစ်သော Claire Wardle ၏အဆိုအရ သတင်းအမျိုးအစားနှစ်ခုရှိသည်ကိုတွေ့ရပြီး သတင်းအချက်အလက်အမှားနှင့် လုပ်ကြံထားသောသတင်းအချက်အလက်တို့ ဖြစ်ကြသည်။

သတင်းအချက်အလက်အမှား

သရော်ခြင်း၊ လွဲမှားစွာချိတ်ဆက်ထားခြင်းနှင့် အထင်အမြင်မှားအောင်ပြုလုပ်ခြင်း စသည်တို့သည် သတင်းအချက်အလက်အမှားတွင် ပါဝင်ပါသည်။

၁) သရော်ခြင်း

 သရော်ခြင်းဆိုသည်မှာ ထိခိုက်နစ်နာစေရန် သဘောဆန္ဒရှိခြင်းမျိုးမဟုတ်ပဲ အပြောင်အပြက်လုပ်သည့် သဘောမျိုးဖြင့်ဖော်ပြခြင်း ဖြစ်သည်။

၂) လွဲမှားစွာချိတ်ဆက်ထားခြင်း

သတင်းခေါင်းစီးများ၊ ပုံများ သို့မဟုတ် ပုံစာများသည် ပါဝင်သည့်အကြောင်းအရာများနှင့်မဆက်စပ်သော ဖော်ပြသည့် သတင်းအချက်အလက်မျိုးကို ဆိုလိုသည်။

၃) အထင်အမြင်မှားအောင်ပြုလုပ်ခြင်း

တစ်စုံတစ်ဦးကိုဖြစ်စေ၊ အကြောင်းအရာတစ်ခုကိုဖြစ်စေ အထင်အမြင်မှားအောင် ဖန်တီးထားခြင်းမျိုးဖြစ်သည်

လုပ်ကြံထားသောသတင်းအချက်အလက်

နောက်ခံအကြောင်းအရာအမှား၊ အယောင်အဆောင်ထားသောအကြောင်း အရာ၊ လုပ်ကြံပြောဆိုထားသော အကြောင်း အရာနှင့် ခြယ်လှယ်ထားသောအကြောင်းအရာ စသည့်အကြောင်းအရာများသည် လုပ်ကြံထားသောသတင်းအချက် အလက်ထဲတွင် ပါဝင်သည်။

၁) နောက်ခံအကြောင်းအရာအမှား ဆိုသည်မှာ အကြောင်းအရာအမှန်ကို နောက်ခံသတင်းအချက်အမှားဖြင့် မျှဝေခြင်းမျိုး ဖြစ်သည်။

၂ ) အယောင်ဆောင်အကြောင်းအရာဆိုသည် သတင်းအချက်အလက်အရင်းအမြစ်များကို တူအောင်အတုပြုလုပ်ထား၍ ဖော်ပြထားခြင်းဖြစ်သည်။

၃) လုပ်ကြံပြောဆိုထားသောအကြောင်းအရာသည် ၁၀၀ရာခိုင်နှုန်းမှားယွင်းသည့် အကြောင်းအရာများ ဖြစ်ပြီး လှည့်စားရန် သို့မဟုတ် ထိခိုက်စေရန် ရည်ရွယ်ပါသည်။

၄) ကြိုးကိုင်ခြယ်လှယ်ထားသောအကြောင်းအရာဆိုသည်မှာ မှန်ကန်သောသတင်းအချက်အလက် သို့မဟုတ် ရုပ်ပုံအစစ်အမှန်ကို လှည့်စားလို၍ ကြိုးကိုင်ခြယ်လှယ်ထားခြင်း ဖြစ်သည်။

Quote:
NDI. 2018. Supporting Information Integrity and Civil Political Discourse.
https://firstdraftnews.org/latest/fake-news-complicated/