"Towards a country where people live and are treated with dignity, enjoy a shared prosperity, and where cooperation exists."

cover image

လူထုနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းဆိုင်ရာ အသိပညာ မျှဝေပွဲ

လူထုနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းဆိုင်ရာ အသိပညာ မျှဝေပွဲ

ထိရောက်သော မူဝါဒ၊ အစီအစဉ်များနှင့် စီမံကိန်းများ ချမှတ်ဖော်ဆောင်ရာတွင် တန်းတူညီမျှမှုရှိပြီး ပါဝင်မှုရှိသည့် လူထုနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းသည် အခြေခံကျသောလိုအပ်ချက်တစ်ရပ်ဖြစ်သည်။
တန်းတူညီမျှမှုရှိပြီး ပါဝင်မှုရှိသည့် လူထုနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း ဖြစ်စဉ်များက အကျိုးသက်ရောက်မှုကို အများဆုံးခံစားရသည့် လူပုဂ္ဂိုလ်များအနေဖြင့် သူတို့၏ ဘဝများကို သက်ရောက်သည့် ဆုံးဖြတ်ချက်ချမှတ်ရာတွင် ပြောရေးဆိုခွင့် ရစေပါသည်။ ထိရောက်သည့် လူထုနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း ဖြစ်စဉ်များက လူထုဆန္ဒနှင့် ပိုမိုကိုက်ညီသည့် စီမံကိန်းများ၊ မူဝါဒများနှင့် အစီအစဉ်များကို ဖြစ်မြောက်စေပြီး များစွာသော ကြိုတင်မမြင်ရသည့် အကျိုးဆက်များကို ရှောင်ရှားစေကာ အဖွဲ့အစည်းများနှင့် အစိုးရများကို တာဝန်ခံစေသည့် ဆက်ဆံရေးများကို ဖန်တီးပေးပါသည်။
ကျွန်ုပ်တို့ ကျင်းပမည့် အသိပညာ မျှဝေပွဲသည် လူထုနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းဆိုင်ရာ အသိပညာအကြောင်းကို မိတ်ဆက်ရှင်းလင်းသွားမည် ဖြစ်ပြီး လူထုနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းက အများပြည်သူဆိုင်ရာ ကဏ္ဍ၊ အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းများနှင့် ပုဂ္ဂလိက ကဏ္ဍ အဖွဲ့အစည်းများကို မည်ကဲ့သို့ အကျိုးအမြတ် ဖြစ်ထွန်းစေကြောင်းကို အလေးပေးဖော်ပြသွားမည် ဖြစ်သည်။ ထိုမျှဝေပွဲသည် အတွေ့အကြုံဖြစ်စဉ်များနှင့် အုပ်စုဖွဲ့ လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းမှ တဆင့် တန်းတူညီမျှမှုရှိပြီး ပါဝင်မှုရှိသည့် လူထုနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း ဖြစ်ဏ်များကို ဖော်ပြသည့် နိယာမများကို လည်းပဲ ဖော်ထုတ်သွားမည်ဖြစ်သည်။
ထိုမျှဝေပွဲကို ဦးဆောင်တင်ဆက်မည့်သူမှာ သြစတေးလျနိုင်ငံရှိ မူဝါဒဖွံ့ဖြိုးမှုနှင့် စီမံကိန်းခန့်ခွဲမှုဆိုင်ရာ အတွေ့အကြုံရှိပြီး မြို့ပြစီမံကိန်းရေးဆွဲသူ တစ်ဦးဖြစ်သည့် ဂျော်ဂျီရာ ဝယ်လင်တန်ဖြစ်သည်။ ဂျော်ဂျီယာသည် လက်ရှိတွင် Another Development (AD) အဖွဲ့၏ သုတေသနနှင့် အသိပညာပေးရေး ဆိုင်ရာ အတိုင်ပင်ခံအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။
အချိန် – နေ့လည် ၀၂း၀၀ – ၀၄း၃၀
နေ့စွဲ – အောက်တိုဘာလ ၆ရက်၊၂၀၁၉
နေရာ – Another Development
အမှတ် ၆၂၊ ၅ လွှာ၊ ညောင်တုံးလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်။
တက်ရောက်လိုသူများ အနေဖြင့် အောက်တိုဘာ ၄ ရက်နေ့နောက်ဆုံးထားပြီး အောက်ပါ လင့်မှတဆင့် စာရင်းပေးသွင်းနိုင်ပါတယ်။

https://docs.google.com/forms/d/e/1FAIpQLSeWtuqj6yuDtsF8_q8Q-pN9D5toKshimdOkxopsnKTX2wLExQ/viewform?usp=sf_link

(သို့မဟုတ်)
[email protected]
(သို့မဟုတ်)
၀၉ ၄၂၆၉၆၃၆၈၀ သို့လည်း ဆက်သွယ်၍အမည်စာရင်းပေးသွင်း
နိုင်ပါတယ်။