"Towards a country where people live and are treated with dignity, enjoy a shared prosperity, and where cooperation exists."

cover image

လူထုအသိုင်းအဝိုင်းအတွင်း အားလုံးအကျုံးဝင်မှုဆိုင်ရာ အွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခြင်း

လူထုအသိုင်းအဝိုင်းအတွင်း အားလုံးအကျုံးဝင်မှုဆိုင်ရာ အွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခြင်း

အေဒီအသင်းသည် “လူထုအသိုင်းအဝိုင်းအတွင်းအားလုံးအကျုံးဝင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ”ပထမအပိုင်းကို ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ Zoom မှတစ်ဆင့်ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ကရင်ပြည်နယ် မြို့နယ်( ၇) မြို့နယ်ရှိ အခြေခံပညာစာသင်ကျောင်း (၇) ကျောင်းမှ အလယ်တန်းပြကျောင်းဆရာမ (၃၅) ဦးက ပါဝင်တက်ရောက်ခဲ့ကြပါသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ဆရာအောင်မျိုးမင်း (ညီမျှခြင်းမြန်မာ) နှင့် ဆရာမ ဝါဝါပြုံး ( သင်တန်းနည်းပြ – ညီမျှခြင်းမြန်မာ) တို့က ဦးဆောင်ဆွေးနွေးခဲ့ကြပြီး အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း ( UDHR)၊ ၄င်း၏သမိုင်းနောက်ခံ၊ လူ့ရပိုင်ခွင့်၏ သဘောတရားများ၊ ပြင်ပအခြေအနေနှင့်စပ်လျဉ်း၍ UDHR အပိုဒ်အချို့၏ အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးကြခြင်း၊ ခွဲခြားဆက်ဆံခြင်းပုံစံများနှင့် ပညာရေးကဏ္ဍတွင်ဖြစ်တတ်သော ခွဲခြားဆက်ဆံခြင်းပုံစံများစသည့်အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။

ဆွေးနွေးပွဲကို ဦးဆောင်ဆွေးနွေးပို့ချပေးခဲ့ပါသော ဆရာအောင်မျိုးမင်းနှင့် ဆရာမဝါဝါပြုံး၊ တက်တက်ကြွကြွပါဝင်ဆွေးနွေးခဲ့ကြသည့် ဆရာ၊ ဆရာမများနှင့် ပူးပေါင်းကူညီဆောင်ရွက်ပေးသည့် အရပ်ဖက်အဖွဲ့အစည်းအသီးသီးမှ ဒေသခံစေတနာ့ဝန်ထမ်းများအား အထူးပင်ကျေးဇူးတင်ရှိကြောင်း ဖော်ပြအပ်ပါသည်။