"Towards a country where people live and are treated with dignity, enjoy a shared prosperity, and where cooperation exists."

cover image

လူထုအသိုင်းအဝိုင်းအတွင်း အားလုံးအကျုံးဝင်မှုဆိုင်ရာ အွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခြင်း(ဒုတိယအကြိမ်)

လူထုအသိုင်းအဝိုင်းအတွင်း အားလုံးအကျုံးဝင်မှုဆိုင်ရာ အွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခြင်း(ဒုတိယအကြိမ်)

AD အသင်းသည် ဒုတိယအကြိမ်“လူထုအသိုင်းအဝိုင်းအတွင်းအားလုံးအကျုံးဝင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ”တစ်ရပ်ကို ၂၅ ရက်နေ့မှ ၂၆ ရက်နေ့အထိ Zoom Meeting မှတစ်ဆင့်ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲ ပထမ အကြိမ်ကိုမူ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ အလုပ်ရုံဆွေးနွေးပွဲကို ကရင်ပြည်နယ် မြို့နယ်( ၇) မြို့နယ်ရှိ အခြေခံပညာစာသင်ကျောင်း (၇) ကျောင်းမှ အလယ်တန်းပြကျောင်းဆရာမ (၃၅) ဦးက ပါဝင်တက်ရောက်ခဲ့ကြပါသည်။ ၎င်းအပြင် အဆိုပါအွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲသည် အောင်မြင်စွာပြီးဆုံးခဲ့ပြီလည်း ဖြစ်ပါသည်။

ဆွေးနွေးပွဲကို ဦးဆောင်ပံ့ပိုး၍ ဆွေးနွေးပို့ချပေးခဲ့ပါသော ဆရာအောင်မျိုးမင်း(ညီမျှခြင်းမြန်မာ)၊ တက်တက်ကြွကြွပါဝင်ဆွေးနွေးခဲ့ကြသည့် ဆရာ၊ ဆရာမများနှင့် ပူးပေါင်းကူညီဆောင်ရွက်ပေးသည့် အရပ်ဖက်အဖွဲ့အစည်းအသီးသီးမှဒေသခံစေတနာ့ဝန်ထမ်းများအား အထူးပင်ကျေးဇူးတင်ရှိကြောင်းဖော်ပြအပ်ပါသည်။