"Towards a country where people live and are treated with dignity, enjoy a shared prosperity, and where cooperation exists."

cover image

မူဝါဒစာတမ်းအကျဉ်းချုပ်ရေးသားခြင်းဆိုင်ရာ အခြေခံမူများ အလုပ်ရုံဆွေးနွေးပွဲ

မူဝါဒစာတမ်းအကျဉ်းချုပ်ရေးသားခြင်းဆိုင်ရာ အခြေခံမူများ အလုပ်ရုံဆွေးနွေးပွဲ

“မူဝါဒစာတမ်းအကျဉ်းချုပ်ရေးသားခြင်းဆိုင်ရာ အခြေခံမူများ” ခေါင်းစဉ်ဖြင့် ပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာလ ၉ ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
တက်ရောက်သူများအနေဖြင့် မူဝါဒစာတမ်းများရေးသားမှုကို ကောင်းမွန်စွာနားလည်သဘောပေါက်စေရန်အတွက် မတူညီသည့် စာတမ်းများကို လေ့လာသုံးသပ်ခြင်း၊နှင့် လက်တွေ့လေ့ကျင့်ခန်းအဖြစ် AD ၏ စာတမ်းတစ်ခုဖြစ်သော “မြိုင်နှင့် သံတောင်ကြီးဒေသ လူထုအခြေပြုခရီးသွားလုပ်ငန်းများ - လူထု၏ ပူးပေါင်းပါဝင်မှုနှင့် ဒေသခံများအပေါ် အကျိုးသက်ရောက်မှုများအား လေ့လာသုံးသပ်ခြင်း” စာတမ်းကို မူဝါဒစာတမ်းအကျဉ်းချုပ်အဖြစ် ရေးသားစေခဲ့သည်။
AD အနေဖြင့် အလုပ်ရုံဆွေးနွေးပွဲတွင် ပညာရပ်များကို လာရောက်ဝေမျှပေးသည့် Paul Minoltti ကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ ထို့အတူ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူအားလုံးကိုလည်း ကျေးဇူးတင်ရှိကြောင်း ဖော်ပြလိုပါသည်။