"Towards a country where people live and are treated with dignity, enjoy a shared prosperity, and where cooperation exists."

cover image

ပြည်သူလူထုနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

ပြည်သူလူထုနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

Another Development (AD) အဖွဲ့သည် တနင်္သာရီတိုင်း‌‌ဒေသကြီးလွှတ်တော်၏ ပူးပေါင်းပါဝင်မှုနှင့်အတူ ပြည်သူလူထုနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ၁.၁၁.၂၀၁၉ တွင် ထားဝယ်မြို့၊ တနင်္သာရီတိုင်း‌‌ဒေသကြီးလွှတ်တော်၌ ကျင်းပရာ တနင်္သာရီတိုင်း‌‌ဒေသကြီးလွှတ်တော်ဥက္ကဌ ဦးခင်မောင်အေး၊ ဒုဥက္ကဌ ဦးကြည်စိုး၊ တိုင်း‌‌ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ၊ ဘဏ္ဍာရေး ထောက်ပံ့ပေးသော Norwegian People’s Aid အဖွဲ့မှ တာဝန်ရှိသူများနှင့်တကွ AD အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲကို နံနက် ၉နာရီခွဲအချိန်တွင် စတင်ကာ ပတ်သက်စပ်ဆိုင်သူများကို နားလည်ခြင်း၊ အရေးကြီးသော သတင်းစကားများကို ဆက်သွယ်သိရှိခြင်း၊ လူထုပါဝင်မှုနှင့် တိုင်ပင်နှီးနှောခြင်း၊ ပြဿနာဖြေရှင်းခြင်းနှင့် အငြင်းပွားမှုများကို ကြားဝင်စေ့စပ်ခြင်း ခေါင်းစဉ်များနှင့် ပတ်သက်၍ AD အဖွဲ့မှ ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများက ဆွေးနွေးအဖြေရှာကြကာ ညနေ ၄ နာရီတွင် အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ခဲ့ပါသည်။