"Towards a country where people live and are treated with dignity, enjoy a shared prosperity, and where cooperation exists."

cover image

ဒေသန္တရအုပ်ချုပ်ရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ

ဒေသန္တရအုပ်ချုပ်ရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ

Another Development – အေဒီအသင်းက ဒေသန္တရအုပ်ချုပ်ရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာအလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၁၉ခုနှစ် အောက်တိုဘာလ ၂၄-၂၅ ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဟိုတယ် Gabbana ၌ ကျင်းပခဲ့ပါသည်။

ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ နှင့် ဒေသခံ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီး ကရင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲပထမရက်တွင် Dr. Wai Yar Min Zin (Independent Researcher and Consultant) က
ရာသီဥတုပြောင်းလဲမှု၊ ပြည်ထောင်စုမှချမှတ်ထားသော မူဝါဒများနှင့် နိုင်ငံတကာမှ ကိုင်တွယ်ဖြေရှင်းမှုအတွေ့အကြုံများကို တက်ရာက်လာသူများထံသို့ ဆွေးနွေးတင်ပြခဲ့ပြီး ဒုတိယနေ့တွင် တက်ရောက်လာသူများမှ ဒေသတွင်းလက်တွေ့ပြန်လည်အသုံးချနိုင်ရန် အုပ်စုဖွဲ့ဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြပါသည်။