"Towards a country where people live and are treated with dignity, enjoy a shared prosperity, and where cooperation exists."

cover image

ဂေါ်ရန်ဂျီလူထုအခြေပြုခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအထောက်အကူပြု စက်ဘီးစီးခရီးစတင်

ဂေါ်ရန်ဂျီလူထုအခြေပြုခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအထောက်အကူပြု စက်ဘီးစီးခရီးစတင်

ငွေဆောင်မှ ဂေါ်ရန်ဂျီတလျှောက် စီးနင်းမည့် ခရီးကြမ်းစက်ဘီးနင်းခရီးစဉ်ကိုစတင်ရန် စက်ဘီးစီးအဖွဲ့အပါအဝင် တောင်တက်အဖွဲ့မှအဖွဲ့ဝင်များနှင့် စီစဉ်သည့်အဖွဲ့အစည်းများမှ အဖွဲ့ဝင်များသည် ယနေ့မနက်တွင် ရန်ကုန်မြို့မှ စတင်ထွက်ခွာပြီဖြစ်သည်။
ဂေါ်ရန်ဂျီတွင် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လူထုအခြေပြုခရီးသွားလုပ်ငန်းအား အထောက်အကူပြုစေရန်နှင့် ကမ်းခြေတလျှောက်သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်ရည်ရွယ်၍ အဆိုပါခရီးစဉ်ကိုပြုလုပ်ခြင်းဖြစ်သည်။
စက်ဘီးစီးခရီးစဉ်ကို ယနေ့ ဇန်နဝါရီ ၁၂ ရက်တွင် ရန်ကုန်မှ ငွေဆောင်သို့ ဘတ်စ်ကားဖြင့် စတင်ထွက်ခွါကာ၊ ဇန်နဝါရီ ၁၃ ရက်နေ့တွင် ငွေဆောင်မှ ဂေါ်ရန်ဂျီသို့ စက်ဘီးဖြင့်ခရီးနှင်မည်ဖြစ်ပြီး၊ ဇန်နဝါရီ ၁၄ ရက်နေ့တွင် ဂေါ်ရန်ဂျီမှ ရန်ကုန်သို့ ပြန်လည်ထွက်ခွါလာမည်ဖြစ်သည်။
ခရီးကြမ်းစက်ဘီးနင်းခရီးစဉ်ကို ဂေါ်ရန်ဂျီလူထုအခြေပြုခရီးသွားလုပ်ငန်းနှင့် ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ ပူးပေါင်းစီစဉ်ခြင်းဖြစ်ပြီး Another Development - AD၊ Two Wheels Lovers Cycling Club၊ Bikers Star Cyclist - BSC၊ XSPORT X-FOX နှင့် ActiveLife4U တို့မှ ပံ့ပိုးကူညီထားပါသည်။
ဓါတ်ပုံ - ရန်ကုန်တက္ကသိုလ်ရှေ့တွင် စက်ဘီးစီးခရီးစဉ်စတင်ရန် ပြင်ဆင်နေကြပုံ။