"Towards a country where people live and are treated with dignity, enjoy a shared prosperity, and where cooperation exists."

cover image

ကရင်ပြည်နယ်အစိုးရဌာနများအတွက် အခြေခံမိုဘိုင်းဆက်သွယ်ရေးနည်းပညာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဘားအံမြို့တွင် ပြုလုပ်

ကရင်ပြည်နယ်အစိုးရဌာနများအတွက် အခြေခံမိုဘိုင်းဆက်သွယ်ရေးနည်းပညာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဘားအံမြို့တွင် ပြုလုပ်

ကရင်ပြည်နယ်အစိုးရဌာနများအတွက် အခြေခံမိုဘိုင်းဆက်သွယ်ရေးနည်းပညာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဘားအံမြို့တွင် ပြုလုပ်

===========================================

Another Development  (AD) က ဦးဆောင်ပြုလုပ်သော ကရင်ပြည်နယ် အစိုးရဌာနများအတွက် အခြေခံမိုဘိုင်းဆက်သွယ်ရေးနည်းပညာဆိုင်ရာ (၂) ရက်တာ အလုပ်ရုံဆွေးနွေးပွဲကို သြဂုတ်လ ၁ ရက်နေ့နှင့် ၂ ရက်နေ့တို့တွင် ဘားအံခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်လျက်ရှိသည်။

အလုပ်ရုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက်မှာ ကရင်ပြည်နယ်ရှိ အစိုးရဌာနအချင်းချင်းအကြားနှင့် ဌာနများနှင့် ပြည်သူလူထုအကြား ထိရောက်ပြီး လျင်မြန်သော သတင်းစီးဆင်းမှုနှင့် ဆက်သွယ်ချိတ်ဆက်ဆောင်ရွက်နိုင်မှုတို့ကို မြှင့်တင်ပေးရန်၊ လူမှုမီဒီယာနှင့် email တို့ကို ထိရောက်စွာအသုံးပြုနိုင်ရန်နှင့် လုံခြုံစိတ်ချရသော မိုဘိုင်းအင်တာနက်ဆက်သွယ်ရေး အသုံးပြုမှုကို မျှဝေပေးရန်တို့ဖြစ်သည်။

ယနေ့ပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲ ပထမရက်တွင် ကရင်ပြည်နယ်လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကရင်ပြည်နယ် ပြည်နယ်အဆင့်ဌာန (၃၉) ဌာနမှ တာဝန်ရှိသူများတက်ရောက်လျက်ရှိသည်။

အလုပ်ရုံဆွေးနွေးပွဲကို Another Development နှင့်အတူ ကရင်ပြည်နယ် အရပ်ဘက်လူမှုအဖွဲ့အစည်းများ ကွန်ယက် နှင့် Myanmar ICT for Development Organization (MIDO) တို့က ပူးပေါင်းဆောင်ရွက်ပြီး Norwegian People’s Aid  က ထောက်ပံ့ပေးထားပါသည်။