"Towards a country where people live and are treated with dignity, enjoy a shared prosperity, and where cooperation exists."

cover image

How Public Spaces Make Cities Work (Video)

How Public Spaces Make Cities Work (Video)

စိမ်းလန်းစိုပြေပြီး နေချင်စဖွယ်ကောင်းသောမြို့ဟူသည်

"စိမ်းလန်းစိုပြေပြီး နေချင်စဖွယ်ကောင်းတဲ့မြို့" ဆိုတာ ဘယ်လိုမျိုးလဲ။အများပြည်သူအနားယူအပန်းဖြေနိုင်တဲ့နေရာတွေ (Public Space) တွေက ဘာကြောင့်အရေးကြီးတာလဲ။ညစ်ညမ်းနေတဲ့ မြစ်ချောင်းတွေ၊ အသုံးမ၀င်တော့တဲ့ လမ်းဟောင်း၊ တံတားဟောင်းတွေကို စိမ်းလန်းစိုပြေပြီး အနားယူချင်စဖွယ်ကောင်းတဲ့နေရာဖြစ်အောင် ဘယ်လိုပြောင်းလဲမလဲ။Public Space နဲ့ စီးပွားရေးအကျိုးစီးပွားတွေ ယှဉ်လာတဲ့အခါကျရင် ဘာကိုရွေးချယ်ကြမလဲ။ ———————————————————————————————————————————————-နယူးယောက်မြို့ရဲ့ လူသိများတဲ့ "High Line" ဆိုတဲ့ ပန်းခြံကို မိုးပျံရထားလမ်းပျက်ကြီးကနေ ကောင်းကင်ပေါ်ကပန်းခြံသဖွယ်ဖြစ်အောင် ဘယ်လိုပြောင်းလဲခဲ့ပါသလဲ။ *လူဦးရေထူထပ်သိပ်သည်းလာတဲ့ နယူးယောက်မြို့မှာ အိမ်ရာစီမံကိန်းတွေ*ယာဉ်လမ်းကြောပိတ်ဆို့မှုကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ယာဉ်ကူးပြောင်းဆက်သွယ်ရေးစနစ် (Transit System) နဲ့ မြေအောက်ရထားစနစ်တွေ*မြို့နေလူထု အပန်းဖြေနိုင်ဖို့အတွက် မြစ်ကမ်းနံဘေးပန်းခြံတွေကို ဘယ်လို ပုံစံရေးဆွဲခဲ့ကြပါသလဲ။————————————————————————————————————————————————နယူးယောက်မြို့ရဲ့ မြို့တော်စီမံကိန်းရေးဆွဲခြင်းဌာနမှာ ဒါရိုက်တာအဖြစ်တာဝန်ယူခဲ့ပြီး နယူးယောက်မြို့ရဲ့ မြို့ပြပြဿနာတွေကို ကိုင်တွယ်ခဲ့တဲ့၊ နယူးယောက်မြို့ရဲ့ နာမည်ကြီး အများပြည်သူအပန်းဖြေအနားယူနိုင်တဲ့နေရာတွေ (Public Space) ကိုရေးဆွဲခဲ့တဲ့ Amanda Burden ရဲ့ " How Public Spaces Make Cities Work" ဆိုတဲ့တင်ပြမှုကို မြန်မာလိုကြည့်ရှုနိုင်အောင် ကျွန်တော်တို့ Another Development ကနေ ဘာသာပြန်ပြီး ဖော်ပြလိုက်ပါတယ်။ ဒီဗွီဒီယိုလေးကိုကြည့်ပြီးတော့ မြို့ပြစီမံကိန်းရေးဆွဲခြင်းနဲ့ပတ်သက်ပြီး ဝေမျှစရာ၊ ထင်မြင်ချက်များကို မှတ်ချက်ပေးခဲ့ကြဖို့လည်း ဖိတ်ခေါ်ပါတယ်။

Posted by Another Development – AD on Wednesday, 7 March 2018